...ဟိုတလောမှာ စာရေးဆရာမောင်ဝဏ က သာယာဝတီလက်ပံတန်းသားတွေဟာ မိုက်တာမဟုတ် ၊ သတ္တိရှိတာဆိုပီးရေးတာဖတ်လိုက်ရလို့ အခု ရေးမယ့်အကြောင်းလေး သတိရမိလာတာပါ ။ ၁၉၇၆ ခုနှစ် ကျနော်တို့ မြို့ မှာကျနော်မြို့ နယ်စာရင်းစစ်ဝန်ထမ်းလုပ်နေတဲ့အချိန်မှာပါ ။ ကျနော်တို့ ဆီက ရုံး ကြီးက ရန်ကုန် - ပြည်ကားလမ်းဘေးမှာရှိပီး ၊ ဋ္ဌာနတော်တော်များများသူ့ အခန်း ကိုယ့်အခန်းနဲ့ စုနေကြတာခင်ဗျ ။ စုပေါင်းရုံးကြီးပေါ့ ၊ မြို့ နယ်ဘဏ်ကော ၊ မြို့ နယ်တရားရုံးရောပေါ့ ။ တရက်မတော့ ကျနော့ ရွာ (တကယ်ကတော့အဖေ့ဇာတိရွာပါ)ကအသိ အဘတယောက်ကို ရုံးမှာတွေ့ လိုက်ရလို့ အဘ ဘာကိစ္စရှိလဲလို့ မေးမိပါတယ် ။ အဘကမျက်နှာမကောင်းဘူးဗျ ၊ သူက စိတ်ပျက်လက်ပျက်အသံနဲ့ တာဝန်မကျေဆိုလားကွာတဲ့။ ကျနော်သိလိုက်ပါပီ ၊ မဆလစစ်အစိုးရက ဦးကြီးတွေ ၊ ဦးကြီးတွေ နဲ့ မြှောက်ပင့် ခိုင်းပီးစားလို့ ဝတော့မှ အခုတော့တာဝန်ကျေစပါးမပေးသွင်းဘူးဆိုပီး အရေးယူတော့မှာပါ ။ ကျနော်လဲ အေးဗျာအဘရာဆိုပီးတောက်တချက်ပဲခေါက်နိုင်ခဲ့ပါတယ် ၊ ဆရာဗန်းမော့်လေနဲ့ ဆိုရင်ကျနော်ကကောဘာများတတ်နိုင်ဦးပါမည်နည်းပေါ့ ။ တကယ်က ဒီရုံးကြီးမှာက အတူနေကြထိုင်ကြ အလုပ်လုပ်ကြ ဆိုတော့ ကျနော့  မှာအသိများပါတယ် ။ ပီးတော့ အဲဒီအချိန်ကဋ္ဌာနတိုင်းက ကျနော်တို့  စာရင်းစစ်ကိုသိပ်ကြောက်ကြတာခင်ဗျ ။ ကျနော်ကူပီးဝင်လုပ်ကိုင်ပေးရင် နဲနဲပါးပါးတော့သက်သာနိုင်ပါတယ် ။ ဒါပေမယ့်အဘက ကျနော်တို့ မျိုးရိုးအကြောင်းသိလို့ လားမသိဘူး။ ကျနော့ကို အကူအညီမတောင်းဘူးဗျ ။ ကျနော်ကလဲဒီလိုမစွတ်မပွတ်ဟာလေးနဲ့ တိုက်ပွဲ လဲမ၀င်ချင်ဘူး ၊ ကျနော့မျက်နှာပြပီး တရားသူကြီးမင်းများကိုလဲ သွားမတောင်းပန်ချင်ဘူးဗျ၊အဲဒီအချိန်ကထဲကဒီကောင်တွေကိုလက်နက်ကိုင်ချမှရမှာဆိုတဲ့ဟာကြီးကကျနော့မှာစွဲနေပီ ၊ (အခုလဲစွဲနေတုန်းပါ) ။ ပီးတော့ကျနော်ကမြေအောက်လုပ်နေတဲ့သူဆိုတော့ မရှုပ်ချင်ဘူး ၊ ဒါကြောင့် စိတ်မကောင်းစွာနဲ့ အသာပဲလှည့်ထွက်လာခဲ့တယ် ။ နောက်တခုက ဟိုတလောလေးကပဲ ရုံးကိစ္စတခုမှာ ကျနော့ကိုအထင်လွဲခံထားရတာရှိနေတယ်ခင်ဗျ ။ အဲဒီအချိန်က ကျနော်တို့ စာရင်းစစ်တွေကို ညွှန်ကြားအမိန့် ပေးနေတာက မြို့ နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့ 
က မဆလတွေပါ ။ တရက်မတော့မဆလလုပ်ငန်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်သုံးယောက်ထဲက နှစ်ယောက်နဲ့ ကျနော်က ပဲခူးရိုးမတောင်ခြေက ( ဘော်ဘင် ) ဆိုတဲ့ရွာကြီးက သမ၀ါယမကို စာရင်းစစ်သွား ကြပါတယ် ။ ထုံးစံအတိုင်းဆပ်ပရိုက်ချက်ပေါ့ခင်ဗျာ ။ စက်ဘီးသုံးစီးနဲ့ ဖုံတလုံးလုံးနဲ့ ပေါ့ ။ နေ့ ဝက်လောက်သွားရတာပါ ။ ဟိုရောက်တော့ ထမင်းစားချိန်တောင်ရောက်နေပါပီ ၊ ရောက်တာနဲ့  ကျေးရွာ သ/မ စာရင်းဆိုတာဘာရှိတာမှတ်လို့  လယ်ဂျာစာအုပ်ကိုကျနော်က ကောက်ကိုင်နေတဲ့အချိန်မှာ ဆရာသမားနှစ်ယောက်က ငွေတွေစစ်ဆေးရေတွက်ပီးရင် ကျနော်တို့ လာတဲ့ကိစ္စကပြတ်ပါ ပီ ။ ရွာဥက္ကဋ္ဌကကြက်သားကာလသားချက်နဲ့ ထမင်းကြွေးဖို့ ပြင်နေပါပီ ။ ဟင်းချက်တာမြန်တယ်လို့ မထင်ပါနဲ့  ကျနော်တို့ မရောက်ခင်ကထဲကဒီရွာ ကသိနေပါပီ ၊ ပါတီရဲ့ ဆက်သားစနစ်ကသိပ်ကောင်းခဲ့တာခင်ဗျ ၊ ထမင်းစားမလို့ လက်ဆေးမယ်လုပ်တုန်း ဘော်ဘင်ရွာက ဦးလှမောင်ကြီးအိမ်ပေါ်ကိုရောက်လာပါလေရောဗျာ ။ ကျနော်က ပွဲပျက်တော့မယ်ဆိုတာသိတော့ ကြက်သားဟင်းတွေကို ခပ်မြန်မြန်ပဲဆရာသမားတွေထဲတဖတ်နှစ်ဖတ်ဦးထဲ့ပေးပီးတော့ အားရပါးရတွယ်တော့တာပေါ့ ။ ဆရာသမားတွေထမင်းပန်းကန်ထဲလက်နှိုက်မယ် လုပ်တုန်း ဦးလှမောင်ကြီးက စပါပီ ( ခင်ဗျားတို့ ကဘာစာရင်းတွေလာစစ်တာလဲတဲ့ )
ဆရာသမားနှစ်ယောက် လက်ထဲကထမင်းလုပ်ကိုဘယ်ထဲထဲ့ရမလဲဖြစ်နေတယ်ခင်ဗျ ၊ ဦးလှမောင်ကြီးကဆက်ပြောတယ် ၊ (ခွဲတမ်းငပိလေး -ငါးကျပ်သား၊ ဖယောင်းတိုင်လေး -ငါးတိုင်လောက် နဲ့ လာစစ်မနေပါနဲ့ ဗျာတဲ့ ) ဆရာသမားနှစ်ယောက် ပါးစပ်ထဲကထမင်းတွေမ၀ါးနိုင်သေးဘူး ခင်ဗျ ၊ ဆက်ပြန်ပါတယ် (ခင်ဗျားတို့ အစိုးရ နဲ့ ဆိုကျုပ်တို့ ဘ၀ဘာမှတိုးတက်မှာမဟုတ်ဖူးတဲ့) ဆရာသမားနှစ်ယောက် ထမင်းတွေနင်နေလို့  ဟင်းချိုပန်းကန်ပေါ်မှာ လက်ဆုံနေကြတယ်ခင်ဗျ ၊ ရွာဥက္ကဋ္ဌကလဲဝင်မဟန့် ရဲဘူး ၊ ကျနော်တို့ ပါတီက ဒီရွာတွေမှာရှိတဲ့လူထုတွေကိုဒီမိုကရေစီပညာပေးထားတော့ သူကလဲဦးလှမောင်ကြီးကို ဒီမိုကရေစီအပြည့် ပေးထားပုံရတယ်ခင်ဗျ ၊ ဦးလှမောင်ကြီးရဲ့ နောက်ဆုံး စကားသံလဲကြားရော ဆရာသမားနှစ်ယောက်ရဲ့  လက်ထဲကကြက်သားတုံးတွေ လွတ်ကျပါလေရောဗျာ ( ကျုပ်တို့ အခုလိုကျွန်းပျဉ်ထောင်အိမ် နဲ့ နေနိုင်တာ သခင်သန်းထွန်းဆောက်ပေးသွားလို့ နေနိုင်တာ ဗျ ) ပါတဲ့ခင်ဗျာ ။ ဦးလှမောင်ကြီးက သူပြောစရာရှိတာပြောပီး အိမ်ပေါ်ကဆင်းသွား တော့မှ ဆရာသမားနှစ်ယောက် မျက်စိမျက်နှာပျက်ပျက်နဲ့ ထမင်းစားရရှာပါတယ် ။ ဟင်း ကတော့ ကျနော်တွယ်လို့ သိပ်မကျန်တော့ပါဘူ့း ။ အမေပြောဘူးတဲ့ ထမင်းတလုပ် ဒုတ်တချက်ဆိုတာ ဒါမျိုးလားမသိပါဘူးဗျာ ။ ဆရာသမားတယောက်က ရွာဥက္ကဋ္ဌကိုငေါက်ပါတယ် နောက်တခါကျနော်တို့ လာရင်ဒီလူကိုမလာပါစေနဲ့ တဲ့ ။
နောက်နေ့  ရုံးတက်တော့အဲဒီကိစ္စမှာ ကျနော့အဖေနဲ့ ကျနော့ကိုသံသယ၀င်ကြတယ်ခင်ဗျ ၊ အဖေကနိုင်ငံရေးသမားဆိုတော့ အကုန်ပေါင်းပါတယ် ။ တောပြန်တွေဆီကလဲအတွေ့ အကြုံတို့ နိုင်ငံရေးအခြေအနေတို့ ကိုမေးတာမြန်းတာစပ်စုတာလုပ်ပါတယ်။ သူတို့ ကမြို့ ကိုဈေးဝယ်လာရင်လဲဝင်တာထွက်တာရှိတာပေါ့ ။ အဲဒီတုန်းကပဲခူးရိုးမကတောပြန်တွေကခရီးသွားသွားလာလာဆိုရင်ပုလိပ်ဆီမှာအခုလက်နက်ချတွေလို သတင်းပို့ စရာမလိုပါဘူး ။ ကျနော်တို့ သားအဖကိုအဲလိုသံသယရှိကြောင်း သူတို့ ရဲ့ တလတကြိမ်မဆလပါတီဝင်တွေရဲ့  ဆွေးနွေးပွဲမှာတေးထားတာကျနော်သိနေခဲ့ပါတယ် ။ ဒါတွေကြောင့်ပါ ။
အဲ- ဒါ နဲ့ နေ့ လည် ရုံးပြန်တက်တော့ အဘကိုမတွေ့ ရတော့ဘူး။ သူ့ ကိစ္စက မနက်ပိုင်းနဲ့ တင်ပြတ်သွားပုံရတယ် ။ ညနေပိုင်းရုံးဆင်းခါနီး ရုံးရှေ့ မှာ ဆူဆူညံညံကြားလို့ ထွက်ကြည့်တော့ ၊ လားလား ကျနော့သူငယ်ချင်းဆိုက်ကားပေါ်မှာအဘခင်ဗျ ၊
သူတို့ နှစ်ယောက်ကအတိုင်အဖေါက်ညီနေကြပုံများ ၊ အဘက မူးမူးနဲ့ (လူ့ ပြေမှာ -ဘာတဲ့ဘာတဲ့)လို့ အော်ရင်ဟိုကောင်ကလဲ (လူ့ ပြေမှာပါအဘ)ဆိုပီးဖေါ်လိုလိုက်ပေးတယ်ခင်ဗျ ၊ အဘကဆက်ပီး(လူ့ ပြေမှာ အမှုပွေ ရင်ကြောက်တတ်တဲ့ အမျိုးပါဗျ ) လို့ အော်ရင်ဟိုကောင်ကလဲဆိုက်ကားကိုဖြေးဖြေးလေးနင်းရင်း သူ့ အတိုင်းလိုက်အော်တယ်ခင်ဗျ ။ နောက်ဆုံးမတော့အဘက (အမှုပွေ ကြောက်တတ်တဲ့ အမျိုးပါဗျ ၊ ဥပဒေနောက်ထပ်တိုးတာကြောင့် သူ့ အမေေ -ာက် -တ် က -ိုး ဆိုပီး တဲမ်ပိုကိုမြှင့်လိုက်ပါလေရောဗျာ ။ မနက်ပိုင်းက သူ့ ကိုအမှုစစ်ပီးဒါဏ်ရိုက်ခဲ့တဲ့ တရားရုံးရှေ့ တဲ့တဲ့မှာခင်ဗျ ၊ ဟိုကောင့်ဆိုက်ကားကို အဘက အရက်တိုက်ပီးအော်ဒါငှားထားပုံရတယ် ၊ ဟိုကောင်ကလဲ ရုံးကြီးရှေ့ မှာပဲပတ်နင်းနေတယ်ခဗျ ။ တရားသူကြီးမင်းမလဲ ခေါင်းပေါင်းစတလူလူနဲ့ ခါးထောက်ရပ်ရင်းပါးစပ်အဟောင်းသားနဲ့ ရပ်ကြည့်နေရရှာတယ် ။ သူ့ ကိုဆဲတာမှမဟုတ်တာ ဥပဒေကိုဆဲတာလေ ။ အတော်ကြာကြာ အော်ဟစ်နေတာဗျ ။့ ရုံးဆင်းခါနီး လောက်မတော့ ကျနော်ကဘဲ ဟိုကောင့်ကို တော်ပါတော့ကွာအဘလဲမောနေပါပီမြင်းလှည်းဂိတ်ကိုလိုက်ပို့ လိုက်တော့ ၊ တော်ကြာအဘသူ့ ရွာပြန်မရောက်ဘဲ အချုပ်ထဲအိပ်နေရအုံးမယ်လို့ ပြောလိုက်ရပါတယ် ၊ ဒီလိုနဲ့ အဘရွာပြန်ရောက်ပါတယ် ။ အင်း ခုနေခါများအဘအဲလိုအော်ဆဲရင် အနဲဆုံး ထောင်ဒဏ် အနှစ်(၃၀)လောက်ရှိမလားပဲ ။
လွန်ခဲ့တဲ့လေးငါးလလောက်တုန်းကလဲ အဘတို့ ကျနော်တို့ ရွာမှာ ကျေးရွာရယကကို မကျေနပ်လို့  သူ့ ကိုသတ်ပီးတိမ်းရှောင်နေတဲ့အမှုတခုဖြစ်ပွားခဲ့ပါတယ်။ အဲဒါအဖေ့ရဲ့ ဇာတိ သစ်နဖါးရွာ ပါတဲ့ဗျာ ။ ကျေးဇူးတင်ပါတယ် ။ နောက် နေ့ ဆက်ရန်ပေါ့ဗျာ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment