Saturday, April 12, 2014
...သီချင်းများ ရုပ်ရှင်များနဲ့    ကျနော် 
 ကျနော်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်ပေမယ့် တဖက်ကလဲ အနုပညာခံစားမှုငယ်ငယ်ကတည်းကရှိနေတော့---အနုပညာနဲ့ ပတ်သက်တဲ့ကျနော့ ခံစားမှုတွေကို ရဲဘော်များနဲ့ ပြည်သူများနားလည်နိုင်ကြပါစေ ဗျာ--။
ငယ်ငယ်တုန်းရှစ်နှစ်သား(၁၉၆၀)လောက်ကအမျိုးသားအောင်ပွဲနေ့ တခုကိုမှတ်မိလို့ ပါ။ ကျနော်တို့ မြို့ ကကျဉ်းပတဲ့အမျိုးသားအောင်ပွဲနေ့ တနှစ်မှာမြို့ ကစီစဉ်တဲ့အခမ်းအနားတခုကိုချီတက်ခွင့်ရပါတယ်။ အတီးအမှုတ်အကအခုန် နဲ့ ချီတက်ကြဖို့ ပါ။ မိမိကြိုက်နှစ်သက်သလိုပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်၊၊ လူဝံအ၀တ်အစားဝတ်ပီးချီတက်ကခုန်ခွင့်ရှိသလို ။ ပန်ချာပီခေါင်းပေါင်းနဲ့ ပိတ်ဖြူခါးတောင်းကြိုက်ပီး ကုလားသီချင်းန့ဲလဲပြိုင်ခွင့်ရှိပါတယ်။ကျနော်တို့ ညီအကိုတွေကတော့ အိုးစည်ဝိုင်းပေါ့။ ကျနော့အောက်ကကောင်ကို မင်းသား(ရွှေအိုးစည်မင်းသားကိုပြောတာပါ)လိုဝတ်ပီးကျနော်ကဒိုးပတ်တီး(ဗြောင်-တောင် )လို့ တီးယုံပါပဲ။ (အင်း-အဲဒါလဲ ဗုံတီးဘူးတဲ့သူမှသိမှာ)။ အကိုတစ်ယောက်က ပုလွေမှုတ်။အကိုတစ်ယောက်ကရဂွင်းတီး၊နောက်တစ်ယောက်က၀ါးလက်ခုတ်တီး--နဲ့ မြို့ ကိုပတ်ပီးလှည့်လည် ကပြခဲ့ကြရပါတယ်။ ပြည်သူလူထုကကြွေးတဲ့ကောက်ညှင်းပေါင်းနဲ့  အကျော်ကိုလဲ ဒီနေ့ ထိ မမေ့ သေးပါဘူး။ အဲဒီနေ့ က ကျနော်တို့ ညီအကိုတွေ တမြို့ လုံးမှာတတိယဆု ရခဲ့တာကိုလဲသတိရနေပါသေးတယ်။
ဒီလိုနဲ့  ၁၉၇၀ ခုနှစ်တွေရောက်တော့ကျနော့ နားမှာသီချင်းသံစဉ်တွေကအင်တာနေရှင်နယ်ဟုတ်ရင်ဟုတ် မဟုတ်ရင် ကိုသန်းလှိုင်သီချင်းတွေပဲပေါ့။  ဒီလိုနဲ့ မိမိဆုံးဖြတ်ချက်ရှိရာဒေသကိုရောက်ခဲ့ရာမှာ အိမ်မှာ တော့ ပိုင်ရှင်မဲ့ ပြည်တွင်းဖြစ် တယောလေးတလက်နဲ့  ပိတောက်သားထွင်းအိုး-မယ်ဒလင်တလုံးကျန်ခဲ့ရှာပါတယ် ။ ကျနော်လွမ်းနေဆဲပါဗျာ။
ဒီလိုနဲ့ ကိစ္စများမြောင် ကွန်မြူနစ်တို့ ဘောင်၌် ပေါ့ဗျာ။
အဲတခါမှာတော့ ကျနော်မြေအောက်ဆင်းရပါတယ် ၁၉၈၀လောက်ပေါ့။ ---ဧရာဝတီမြစ်ပြင်ပေါ်က   မော်တော်တစီးပေါ်မှာ  ကျနော့ရှေ့ မော်တော်တဖက်ခြမ်းမှာထိုင်နေတဲ့ သူလေးက တက္ကသိုလ်ကကျောင်းပိတ်လို့ ပြန်လာသူလေး။ သူမ တပ်ဆင်ထားတဲ့မျက်မှန်က တခါတလေကြည်ကြည် လင်လင်ဖြူ ဖြူနေပီး ၊နေရောင်ဖက်ကိုမော်တော်လှည့်ရင် သူကလေးမျက်မှန်ကတခါတလေမဲမဲလာပါတယ်။ အောင်သွေးတောသားကအဲဒါကို ဘာကြောင့်မှန်းမသိပါ။ မျက်မှန်  ကိုစူးစမ်းရင်း -အဲ- သူကလေးကိုလဲစူးစမ်းနေမိပါတယ်- ခနနေတော့ မော်တော်ရဲ့ အသံချဲ့ စက်က ပန်း--နွယ်က- စိမ်း---လဲ  ဆိုရော  အောင်သွေးအသက်ရှူရပ်မတတ်ဖြစ်ဘူးပါတယ်။ ကျနော့အနုပညာခံစားမှုကအဲလိုပါ။
ဒီလို  ပါပဲ-ကျနော်၁၉၈၃မှာမြေအောက်တခါဆင်းတော့မိုးကုတ်က မန္တလေးအပြန်မနက်စောစောငါးနာရီ ဟိုင်းလတ်ကားမန္တလေး ကိုဆင်းမယ်လုပ်တော့- ကားစထွက်တာနဲ့ ကိုင်ဇာရဲ့သီးချင်းကိုအဲဒီကားကစဖွင့်ပါတယ်- မိုးကလေးညိုလာရင် -လွမ်းမျက်ရည်ဝဲတယ် --တဲ့။ အောင်သွေး--ကားရဲ့အမှောင်ထဲမှာ မနက်စောစောမျက်ရည်တွေရွှဲလို့ ။
ဒီလိုနဲ့ မြောက်ပိုင်း ဗဟိုဌာနခွဲမှာ ကျနော်တို့ ဗဟို -၄၅ -အလုပ်အဖွဲ့ ကဧည့်သည်အဖြစ်နေ-နေရာက မြေအောက်ကရဲဘော်တချို့ရောက်ရောက်လာနေကြပါတယ်။ မြေအောက်ကရဲဘော်တွေရောက်လာကြရင် ကျနော်တို့ က ပါတီမှာရှိတဲ့ရုပ်ရှင်ကားတွေကို ဖလင်နဲ့    ပြသနေကြပါ။ အဲနောက်ပိုင်းမှာတော့မြောက်ပိုင်းဗဟိုဌာနခွဲက ဗွီဒီယိုစက်တွေဝယ်ထားတော့ ဗွီဒီယိုနဲ့ ပြသကြတာပေါ့ ။ တရက်မှာတော့ မဗခမှာ  သင်္ကြန်မိုးရုပ်ရှင်ရောက်လာပီလို့ ကြားရပါတယ်။ အဲဒီနေ့ ကရောက်လာတဲ့မြေအောက်ကရဲဘော်တွေကိုပြမယ်လုပ်တော့သူတို့ ကသင်္ကြန်မိုးကိုမကြည့်ချင်ပဲကြည့်ပီးသားလဲဖြစ်နေတော့ပါတီကကားကိုပဲကြည့်ချင်ကြတာပါ။ဒီလိုနဲ့ ကျနော်ကသင်္ကြန်မိုးနဲ့ ကပ်လွဲခဲ့ ရပါတယ်။ဒါပေမယ့် သူတို့ ပြောစကားအရ မဆိုးဘူးလို့ တော့နားလည်ခဲ့တာပေါ့။
တရက်မတော့အဲဒီကားကိုကြည့်ခွင့်ကြုံခဲ့ပါတယ် စ ပြပြချင်း ကတည်းကကျနော့ရင်တွေခုန်လာခဲ့လို့တော်တော်ကြာကြာကျနော်ဆက်မကြည့် နိုင်ပဲ ပြန်လာခဲ့ရပါတယ်။ ဒီနောက်တော့ဘ၀တွေကပြေးရလွှားရ ၊ ပြောင်းရရွှေ့ ရဘ၀တွေပေါ့။ နောက်ပိုင်းမှာ အင်တာနက်ကကြည့် လို့ ရနိုင်တဲ့အခါမှာလည်း အင်တာနက်ကပြတ်တောက် ပြတ်တောက်၊ ထမင်းကလဲရှာစားရသေးတော့-တကားလုံးအစအဆုံး မကြည့်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်၂၀၁၄ ခုနှစ် ဒီနေ့ မှာမှ ကျနော် ဒီကားကိုအစအဆုံးကြည့်ဖြစ်ခဲ့ပါတယ်။   ဟူး--တော်ပါသေးရဲ့ လွန်ခဲ့တဲ့--၂၈ နှစ်ကျော်--၃၀ နီးပါးကသာ ကျနော်အစအဆုံးဆက်ကြည့် ဖြစ်လိုက်ရင်အခုထိတောင်အသက်ရှင်နေမှာလားမသိတော့ဘူး။ အခုတောင် ကြည့် လိုက်မျက်ရည်တွေကျလိုက်--နှလုံး ရောဂါဆေးတွေကိုသောက်လိုက်။   
အောင်သွေး