Wednesday, December 31, 2008
.Wednesday, December 31, 2008
Greeting, '' Happy New Year! ''.
အင်း--စောစောကတော့ မောလို့ အိပ်ရာထဲအညောင်းဆန့် နေမိတယ်။ဒီနေ့ က အောင်သွေးတို့  ရွာရဲ့ ဈေးနေ့ လေ၊ ဈေးနဲ့ စီးပွားရှာရတဲ့သူဆိုတော့စောစောအိပ်မယ်လို့ ပေါ့။ ဒါပေမယ့်ဗျာ ဟိုစဉ်းစားဒီစဉ်းစားနဲ့  အိပ်လို့ ကိုမရပါဘူး။ မနက်ဖန်ဆိုနှစ်ကူးတော့မယ် ။ ဒီတော့ ဒီနှစ်ထဲ ငါ ဘာတွေမကောင်းတာလုပ်မိသလဲဆိုပီးစဉ်းစားမိတော့တာပေါ့ ။ပီးတော့ငလျင်လှုပ်မှာကိုလဲလန့် နေရသေးတယ်။ အိပ်ပျော်သွားရင်တော့ တမျိုးပေါ့ဗျာ ။ ၂၀၀၈ ထဲမှာတော့မသေချင်သေးဘူးခင်ဗျ ။ မနက်ဖန်မှသေရင် ၂၀၀၉ထဲကိုရောက်မှာလေ ။ အခုခေတ်ကြော်ငြာတွေလိုပေါ့ဗျာ ။ ကွန်ပြူတာလက်ပ်တော့တလုံးကို မနေ့ ကအင်တာနက်မှာတွေ့ လိုက်ရတယ် ၊တရုပ်ငွေ၁၉၉၉ ယွင်တဲ့။ ကဲ -ဘယ်သူက ၂၀၀၀ယွင်ပါလို့ ပြောရဲမလဲ ။ ပြောရဲပြောကြည့်လေ ငြင်းရဲငြင်းကြည့်လေ။ ဒီတော့လူပြိန်းတွေ(တောသားတွေပေါ့ဗျာ- သူတို့ ကိုဦးတည်တာပါပဲ) က ၊ ဟာ -တထောင်ကျော်ကျော်ပဲပေါ့ ။ ဈေးကွက်စီးပွားရေးဆိုတာ ဒါပါဘဲဗျာ ။ ဒီနေ့ ကမ္ဘာမှာ ဘောဂဗေဒက နှစ်မျိုးပဲရှိပါတယ် ။ ပြည်သူတွေအတွက်စဉ်းစားရပ်တည်အာမခံပေးတဲ့ဆိုရှယ်လစ် ဘောဂဗေဒ( မာ့က်စ်ရဲ့ ဘောဂဗေဒကိုပြောတာပါ) နဲ့ အရင်းရှင်ဘောဂဗေဒပါပဲ ။ ဈေးကွက်စီးပွားရေးဆိုတာ မာ့က်စ်ပြောခဲ့ဘူးတဲ့ အပြည့်ပြိုင်ဆိုင်ရေး ( perfect competition) ပါပဲ ၊ အဲလိုပြိုင်ရင်းနဲ့ (လုပြိုင်ရတာကိုး)လဲတဲ့သူကလဲ ။ ကွဲတဲ့သူကကွဲ။ ပြဲတဲ့သူကပြဲပေါ့ ၊ ကျနော်က အဲဒီစီးပွားရေးတွေကိုစိတ်မ၀င်စားဘူးခင်ဗျ ။ အခုအဲဒီအရင်းရှင်စီးပွားရေးအကြောင်းတွေရေးနေတဲ့ မောင်စူးစမ်းဆိုတာကို လဲမဖတ်ဘူးခင်ဗျ၊သူရေးခဲ့တဲ့စာအုပ်တအုပ်ဟာကျနော်စီးပွားရေးတက္ကသိုလ်တက်နေတုံးကပြဋ္ဌါန်းစာအုပ်ပါ။ အဲဒီတုံးကလဲမဖတ်ခဲ့ဘူးဗျာ။ အခုတလောပြည်ပအသံလွင့်ဋ္ဌာနတွေကအင်တာဗျူးလုပ်နေတဲ့ ခင်မောင်ညို(ဘောဂဗေဒ၊ ငါန်းဇွန်သား)ဟာ ကျနော်နဲ့ တတန်းထဲ တခန်းထဲခင်ဗျ ၊ သူ့ ခမျာလဲ နအဖအကြိုက်ဘောဂဗေဒကိုပြောနေရရှာတာပါဗျာ ။ တခါတလေ လူထုထမင်းမငတ်နိုင်ဘူးပြောလိုက်၊ တခါတလေငတ်နိုင်တယ်ပြောလိုက်နဲ့ ။ ပြောရရင် ဈေးကွက်စီးပွားရေးစနစ်ဆိုတာ (အပြည့်ပြိုင်ဆိုင်မှုဆိုတာ) ဒါးမတိုတချောင်းသာရှိတဲ့လယ်သမားနဲ့ ထော်လာဂျီရှိတဲ့လယ်မင်းသားတယောက်ကိုပြိုင်ဆိုင်ခိုင်းတာသာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာစီမံအုပ်ချုပ်မှုနည်းပညာတို့  အလုပ်သမားတွေကိုဘယ်လိုရှေ့ ဆောင်ရမယ်တို့ ၊ ခေါင်းဆောင်မှုနည်းပညာတို့ လာမပြောနဲ့ ၊ကျနော်လူသတ်ချင်လာတယ်ခင်ဗျ ။ ဒါတွေကိုဒီနှစ်ထဲမှာကျနော် မပြောနိုင်မရေးနိုင်ဖြစ်ခဲ့တာဟာ ၊ ကျနော် မကောင်းတာလုပ်မိတာပဲလို့  ဘဲစဉ်းစားမိပါတယ်ဗျာ။ နောင်နှစ်မှာတော့ [ဘုရားသခင်ကမြင်းကို( ဂျို ) တတ်မပေးပေမဲ့၊ အိုင်တီနည်းပညာကကျနော့ကို (ဂျို)တတ်ပေးလိုက်လို့ ] ကျနော့ အတွေ့ အကြု့လေးတွေ၊ ကျနော့အမြင်လေးတွေ ၊ သမိုင်းလေးတွေကိုနောင်လာနောက်သားဘလော့ဂါလေးတွေသိရအောင်ရေးမလားလို့ စဉ်းစားမိပါတယ်။ ဟဲဟဲမစိုးရိမ်ကြပါနဲ့  ကျနော်က ဟိုအသံလွင့်ဇာတ်လမ်းထဲက ကောလိပ်ဂျင်နေ၀င်းလို မိုးပေါ်ထောင်ပစ်မှာပါ ၊ မြင်းလောင်းသမားနေ၀င်းလို တည့်တည့်မပစ်ပါဘူး၊ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ နိုင်ကြပါစေဗျာ ၊ ကျေးဇူးတင်ပါတယ် ။အောင်သွေး ၁၂း၀၀ နာရီ ၃၁ ရက်ဒီဇင်ဘာ (တင်းပလိတ်ထဲကနာရီနဲ့ တော့လွဲနေအုံးမှာပါ)
Posted by Aung Thway at 6:12 AM
0 comments:
Sunday, December 28, 2008
possible, good bye my comrade!
ဒီခေါင်းစဉ်လေးကြည့်ပီး ရဲဘော်တွေဝမ်းနည်းမနေပါနဲ့ အုံး -ကျနော်ဘာမှမဖြစ်ခဲ့ဘူးဆိုရင်ပေါ့လေ။
အဲ-ကျနော်တခုခု ဖြစ်ခဲ့တယ်ဆိုရင်တော့ ဒါလေးက ကျနော့်ရဲ့ နောက်ဆုံးနှုတ်ဆက်စကားလဲဖြစ်သွားနိုင်တာပါဘဲ။
ဒီတလော ကျနော်တို့ ဆီမှာငလျင်တွေလှုပ်နေပါတယ်။ ကျနော်နေတဲ့အိမ်လေးက အုပ်ကြွပ်မိုးတဲ့အိမ်ဟောင်းလေးပါ၊၄.၆လောက်ဆိုရင်ဘာမှမဖြစ်ပေမယ့် ၆.၀လောက်ဆိုရင်တော့မစဉ်းစားရဲစရာပါဘဲဗျာ၊ ဒီညတော့မိတ်ဆွေတွေရဲ့ ဖုန်းသတင်းတွေဝင်လာတာကကြောက်စရာတွေပါဘဲဗျာ။ ချုပ်လိုက်ရင် ၊ ဒီအိမ်ထဲမှာဒီညမအိပ်ဖို့ ပါဘဲဗျာ၊ ကျနော့မှာတခြားအိပ်စရာအိမ်မရှိဘူးခင်ဗျ၊ဒါကြောင့်ဒီညတော့ ပြောဆိုဆွေးနွေးရင်းနဲ့  အသက်ပင်သေသေပေါ့ခင်ဗျာ။
ကျနော်တင်ပြချင်တာက---
၁။ ကျနော်တို့ ပြည်သူတွေခံစားနေရတာတွေကိုအမြန်ဆုံးဖြေရှင်းပေးနိုင်သူသာခေါင်းဆောင်မှုတာဝန်ယူသူဖြစ်တယ်။
(ဆိုလိုတာကအီးရောအီးရောနဲ့ ဟိုလိုလိုဒီလိုလိုလုပ်ပီးပြည်သူတွေခံစားနေရတဲ့အချိန်တွေကိုအလဟသဖြုန်းတီးနေပီးတာဝ န်မယူတာကိုပြောတာဖြစ်တယ်)
၂။ လက်နက်ကိုင်ပီးအကြမ်းဖက်နေတဲ့(ကျနော်ထပ်ပြောရင် တိုင်းရင်းသားညီအကိုမောင်နှစ်မတွေငိုကြရတော့မယ်) စစ်အစိုးရကို
တန်ပြန် လက်နက်ကိုင်တော်လှန်မှသာတရားတယ်ဆိုတာကိုကျယ်ကျယ်လောင်လောင်တင်ပြရမယ်။
၃။ အဲဒါကိုဆန့် ကျင်တဲ့ ဘယ် ပြည်ပရောက်အဇွဲ့ အစည်းကိုမဆိုဆန့် ကျင်ကြရမယ်။ ကျနော်တို့ အဖိနှိပ်ခံပြည်သူတွေအတွက်ဘာ အကျိုးမှမရှိလို့ ပါဘဲ ။ ကျနော်တို့ ပြည်သူတွေစေါင့်ဆိုင်းခဲ့တာကြာပါပီ ၊တော်လောက်ပါပီ ။ ကျနော်တို့ ပြည်သူတွေကသူတို့ ကိုမျှော်နေကြရတာ ကြာပါပီ ။ တော်လောက်ပါပီ ။
၎။ အသေခံဗုံးခွဲတိုက်ခိုက်ဖို့ မဟုတ်ပါဘူး ။ ကိုယ့် အနီးအနားမှာရှိနေတဲ့ ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊စတဲ့ မတော်တရော်လုပ်နေတဲ့ကောင်တွေကို (လက်သယ်မပေါ်တဲ့နည်းနဲ့ )လုပ်ကြံဖို့ ပါဘဲ၊ (ရှေးကဗမာတွေဟာဒါးလွတ်ကိုင်ပီးအင်္ဂလိပ်ကိုဆန့် ကျင်ခဲ့ကြတာပါ) ပြည်သူတွေကိုလဲစည်းရုံးကြရပါမယ်၊ဇေါ်ကောင်မလုပ်ဖို့  ၊ ဒီဘက်ပြေးသွားတာတွေ့ ရင်
ဟိုဖက်ပြေးသွားတါလို့ ပြောဖို့ ပေါ့၊( တကယ်ဖြစ်လာရင်ပြည်သူတွေကနောကြေပီးသားပါ။ စိတ်မပူပါနဲ့ ) ။ ဒီလိုနည်းနဲ့ မိမိတို့ ဒေသမှာ မိမိတို့ ကိုကူညီသယ်ပိုးမယ့် စိတ်ကောင်းစေတနာကောင်းရှိတဲ့ ကျေးရွာရယက တို့ ၊ မယကတို့ ကိုပြည်သူတွေကမွေးမြူကြရမှာပါ၊တိုင်းနဲ့ ပြည်နယ် အဆင့်တင်မကတိုင်းမှူးအထိပေါ့။ ဘာလဲလုပ်လို့ မရနိုင်ဘူးထင်လို့ လား ။ လာဘ်စားချင်တဲ့ကောင်တွေကို လာဘ်ပေးတဲ့နည်းနဲ့ ဘဲလုပ်ရမှာပေါ့။ လာဘ်ပေးတဲ့ အထုပ်ထဲမှာတော့ မိမိတို့ သန်ရာသန်ရာ၊ မြွေပွေးတို့  မြွေဟောက်တို့ ၊ ငန်းတော်ကြားတို့ ကို တရုပ်ပြည်မပို့ ဘဲပြည်တွင်းမှာဘဲအကျိုးရှိအောင်သုံးဘို့ စည်းရုံးရမှာပေါ့
ဗျာ။ ( ဟိုတလောကမြစ်ကြီးနားဘက်ကတရုပ်ပြည်ပို့ ဖို့မြွေတွေသေတ္တာလိုက်အများကြီးဖျက်ဆီးခံလိုက်ရတာနှမျှောလိုက်တာဗျာ)ဒီကတဆင့်ပြည်သူတွေကိုလေးစားတဲ့။ လာဘ်မစားတဲ့ရယက ၊မယက၊ယဉ်ထိမ်းရဲ၊ စည်ပင်ဝန်ထမ်း ၊နဆက၊ပညာရေးမှူး၊ တရားသူကြီး၊တပ်ရင်းမှူး၊ တိုင်းမှူးစတာတွေကိုပြည်သူတွေကမွေးမြူရမှာပေါ့ဗျာ၊အဓိက က စစ်အုပ်စုရဲ့ယန္ဒယားကိုပျက်သွားအောင်လုပ်ဖို့ ပါပဲ ။. အခု စစ်ဗိုလ်ထွက်တွေ အမတ်လုပ်မယ်ဆိုရင် ပိုပီးတောင်လုပ်လို့ ကောင်းသေးပေါ့။(အခုကျနော်ပြောတဲ့အထဲမှာသေနတ်သံတချက်မှမပါသေးဘူးနော်-ဟဲဟဲ)
၅။ အဲဒါတွေအရှိန်အဟုန်နဲ့ ဖြစ်လာရင် ပြည်သူတွေရဲ့ အောင်ပွဲပါပဲ ၊ ဘယ်သူကမှချေဖျက်လို့  မရနိုင်ပါဘူး ။
၆။ ခင်ဗျာ- အဲဒါတွေကိုကျနော်တို့ လုပ်နိုင်နေတဲ့အချိန်မှာသန်းရွှေကြီးသေတော့မလိုဖြစ်နေပါပီခင်ဗျ။
၇။ အဲ- တခုတော့ရှိတယ်၊ အဲဒီအချိန်ရောက်ရင် - ကြားဖြတ်အစိုးရဖွဲ့ ဖို့ တော့မမေ့နဲ့ နော် ။ မဖွဲ့ ဖြစ်ရင် နောက်တက်လူငယ်လက်သစ်စစ်အုပ်စုကအာဏာသိမ်းသွားလိမ့်မယ်ခင်ဗျ ။
ဒါတွေက ပြည်သူတွေရဲ့ ရုဒ်မက် (၇)ချက်ပဲခင်ဗျ။ မကောင်းဆိုးဝါးတွေကိုဒီနည်းနဲ့ ပဲအနိုင်တိုက်နိုင်ပါတယ်ခင်ဗျာ၊ အကြမ်းမဖက်တဲ့ နည်းကဈေးတက်နေတယ် ။ ထောင်သက် (၆၅)နှစ်တဲ့ခင်ဗျ၊ ကျနော်တို့ ဗမာတွေဟာ အရှက်ကိုအသက်နဲ့ လဲရဲသေးတာပဲဟာ ၊အခုဒီ - အပျက် -ကိုဘာလို့ အသက်နဲ့ မလဲရဲရမှာလဲခင်ဗျာ ။ ကျေးဇူးတင်ပါတယ် .။
Tuesday, December 16, 2008
.. ဒီနေ့ တော့ကြီးကြီးကျယ်ကျယ်ရေးရတော့မှာပဲ ၊ အမယ် မောင်အောင်သွေး မင်းက ဘယ်လောက်ကြီးကြီးကျယ်ကျယ်ရေးမှာလဲဆိုရင၊် ဒီနေ့  စစ်အုပ်စုက နိုင်ငံခြားထွက်ထွက်ပီး စွာကျယ်စွာကျယ် ပြောနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ ဥာဏ်ဝင်းအကြောင်းဆိုရင်ဘယ်လိုနေမလဲ-- ဟဲဟဲ ၊
အင်း--အခုလိုနှစ်လေးဆယ်ကြာလာတော့ပြောစရာကရှိလာပြန်ရော ၊
မောင်ဥာဏ်ဝင်း- နောင်တရမယ်ဆိုရင်တော့ စာသင်ကျောင်းတွေရှိတဲ့နေရာတိုင်းမှာကျောင်းဆရာတွေကိုအိမ်တဆောင်မီးတပြောင်နဲ့ ထားနိုင်ရင်တော့
မောင်ဥာဏ်ဝင်းကိုစာသင်ပေးခဲ့တဲ့ ဆရာချိတ်လဲအသက်မသေ၊ မောင်ဥာဏ်ဝင်းရဲ့အကိုကြီးလဲထောင်မကျ၊ မောင်ဥာဏ်ဝင်းလဲဒီလောက် အသိဥာဏ်ပညာခေါင်းပါးမယ်လို့  မထင်မြင် မယူဆမိပါကြောင်း၊
( မြင့်မြင့်စိုးရေ ငါပြောတာ နင်လက်ခံမယ်လို့ ငါယုံပါတယ်ဟာ)
satire
. ဒီနေ့ တော့ အခုတလော ကုလသမဂ္ဂအတွင်းရေးမှူးကြီးကိုဝေဖန်နေကြတာနဲ့ ပတ်သက်ပီးနဲနဲလေးဆွေးနွေးချင်ပါတယ်ဗျာ၊ တချို့ ကသူ့ ကိုသတ္တိမရှိသလိုလို ၊သြ ဇာအာဏာကိုမသုံးတတ်သူလိုလို ၊ ပြောဆိုရေးသားဝေဖန်နေကြတယ် ခင်ဗျ ၊ သူ့ ဘက်က ကျတော့ ပြန်ပီးမစဉ်းစားပေးကြဘူး ၊ ကျနော်ကတော့ သူ့ ဘက်က စဉ်းစားကြည့်မိပါတယ် ၊ ဗမာစစ်အစိုးရက ဒီမိုကရေစီအကြောင်းပြောဆိုရေးသား ဆွေးနွေးတဲ့သူမှန်သမျှ ထောင်ထဲကိုအနဲဆုံး ကြမ်းခင်းဈေး က ခြောက်ဆယ့်ငါးနှစ်ခင်ဗျ ၊ ဘုန်းတော်ကြီးဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ အဲတော့ သူကလဲဒီကိစ္စနဲ့ ပဲသွားမှာဆိုတော့ မတော်ဟိုက ဖမ်းထဲ့ထားရင်ဘယ့်နှယ်လုပ်ပါ့မလဲ။ သူက ဗမာပြည်ထောင်ထဲမှာမနေရဲဘူးခင်ဗျ၊ အော် - မိတ်ဆွေက စစ်အုပ်စုကဒီလိုမလုပ်ရဲဘူးလို့ ထင်နေသလား ၊ (စိတ်ကူးမယဉ်ပါနဲ့ ဗျာ )၊ တကယ်ဖမ်းထားရင် သူ့ ကိုကူညီမယ့်သူ မရှိနိုင်ဘူးဆိုတာသူကြိုပီးမြင်ထားတယ်ခင်ဗျ ၊ လုံခြုံ ရေးကောင်စီတင်ရင်လဲအီးရောအီးရောနဲ့အနဲဆုံးသုံးလေးနှစ်တော့ အချိန်ကုန်သွားမှာဘဲ ။ ဒီကြားထဲအမှုကိုမြန်မြန်စစ်ပီး နိုင်ငံတော်အစိုးရကိုအယုံအကြည်ပျက်စေမှုနဲ့ ( သူတို့ က စည်းကမ်းပြည့်ဝသောဒီမိုကရေစီလုပ်နေတာလေ။ ပီးတောင်ပီးတော့မယ်၊ ဒီကုလသမဂ္ဂကဘာဒီမိုကရေစီနဲ့ လာနှောက်ယှက်တာလဲဆိုပီး)နယ်စွန်နယ်ဖျား အကျဉ်းထောင်ကိုမပို့ ပဲ နေပြည်တော်အကျဉ်းထောင်မှာ ထားပီးကမ္ဘာ့ အကြီးဆုံးထောင်ဝင်စာရိုက်စားမှုကြီးလုပ်မှာဗျ ၊ ခင်ဗျာ အမေရိကန် ၊ ဟာခင်ဗျားကလဲ အိုဘားမားက အတွင်းရေးမှူးကြီးကိုကယ်ထုတ်ဖို့ နေနေသာ သူ့ တိုင်းပြည်စီးပွားရေးကျနေတာတို့  သူကတိပေးထားတဲ့ဟာတွေကိုလုပ်ပြရမှာတွေနဲ့ ရှုပ်နေတာလေ ၊ တကယ်ပြဿနာကြီးလာရင်လဲ သူ့ ကိုဘယ်ကယ်ထုတ်တော့မလဲ နောက်အသစ်တယောက်ကိုပဲ ထပ်ရွေးဘို့ လုပ်တော့မှာပေါ့ ။ အဲဒီအခါကျတော့ကျနော်တို့ ရဲ့နိုင်ငံခြားကရဲဘော်တွေအဖို့ ပိုစတာတွေထပ်ရေးရတော့မှာလေ ကုလသမဂ္ဂ အတွင်းရေးမှူးကြီးလွတ်မြောက်ရေးတို့  မစ္စတာဂမ်ဘာရီလွတ်မြောက်ရေးတို့ ။ ဒါတွေကိုအတွင်းရေးမှူးကြီးကကြိုပီးမြင်ထားလို့  ဂမ်ဘာရီကို လက်တို့ ပီး- ဟို ဟိုမှာ ဖမ်း ဖမ်းနေတယ်- အ အ အခြေ အ အနေက သိပ် သိပ်မကောင်းဘူး နောက် နောက်မှ ကြည့် ကြည့် လုပ်ကြရအောင်လို့  ပြေရရှာတာပါဗျာ ။ ကျနော်ကတော့ သူတို့ ကိုအပြစ်မမြင်ဘူးခင်ဗျ ၊ ကျနော် မြင်တာကိုရေးတာပါ ဗျာ ၊ ကျေးဇူးတင်ပါတယ် ။
Saturday, December 13, 2008
. အင်း -- မနေ့ က ကာတွန်းလေးတခုတင်ပြချင်တာ မအောင်မြင်သေးဘူးဗျာ ၊ ဘလော့ဂါလူငယ်လေးတွေရဲ့စာတွေဖတ်ပီးမှ အောင်မြင်မှာမို့  စာဖတ်နေရသေးတယ် ၊ဖြေးဖြေးပေါ့ဗျာ ကျနော့ဘလော့ကိုတက်ရောက်ကြည့့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ် ။
Friday, December 12, 2008
ကဗျာ
- အမေ့ရဲ့ ဂုဏ်ပုဒ်တလွှာ
--ဒီနေ
အမေ့မွေးနေ့ ပေါ့
တနွဲ့ နွဲ့ နော့နေတဲ့ လေညှင်းနဲ့ အတူ
တောင်သမန်အင်းကိုငေးရင်း
တောင်လေးလုံးကျောင်းဖက်ကိုငေးရင်း
ဦးပိန်တံတားပေါ်မှာ
ကျနော် အမေ့ကို ဆွေးနေမိခဲ့တယ် ၊
အမေ့ကိုချစ်တဲ့သူတွေကဖေါ်ထုတ်တဲ့
အမေ့ရဲ့ ဂုဏ်ပုဒ်တွေကို
ဘယ်လိုဘဲရေးရေး
ကျနော်တွေးနေတဲ့ဂုဏ်ပုဒ်တလွှာ
မပါသေးဘူး အမေ၊
လွန်ခဲ့တဲ့နှစ်လေးဆယ်
ထောင့်ကိုးရာခြောက်ဆယ် စုတွေတုန်းက
ဆုံးရှုံးခဲ့ရတဲ့
အချစ်ဆုံးသားကြီးရဲ့ အဖြစ်
ဘယ်သူ့ ကိုမှ အပြစ်မတင်
နောက်တယောက်ပင် ထပ်စွန့် လိုက်သေး
တခြားအမေတွေဆို မတွေးရဲစရာပါလား အမေရယ် ၊
အမေ့ရဲ့ အချစ်ဆုံးသားတွေထက်
ဘယ်အရာကို ပိုချစ်ခဲ့တာလဲအမေ---
ဒီနေ့ တော့ကျနော်နားလည်ခဲ့ပါပီ
အမေဟာ အချစ်ဆုံးသားတွေထက် ပိုချစ်ခဲ့တာ
အမေ့ရဲ့ “ယုံကြည်ချက်”မဟုတ်လား ဟင် ၊ ၊
( အမေ မာရဲ့  ၉၃ နှစ်မြောက်မွေးနေ့ သို့  )
အောင်သွေး (၂၀၀၈၊နိုဝင်ဘာ၂၉ရက်)
Thursday, December 11, 2008
Oh! I can't display as Burmese font!
Tuesday, December 9, 2008
Please help me!
I can't change the font!
My Dear Comrades,
I can't able to issue with Burmese font now , please forgive me.