Wednesday, December 31, 2008

.Wednesday, December 31, 2008
Greeting, '' Happy New Year! ''.
အင်း--စောစောကတော့ မောလို့ အိပ်ရာထဲအညောင်းဆန့် နေမိတယ်။ဒီနေ့ က အောင်သွေးတို့  ရွာရဲ့ ဈေးနေ့ လေ၊ ဈေးနဲ့ စီးပွားရှာရတဲ့သူဆိုတော့စောစောအိပ်မယ်လို့ ပေါ့။ ဒါပေမယ့်ဗျာ ဟိုစဉ်းစားဒီစဉ်းစားနဲ့  အိပ်လို့ ကိုမရပါဘူး။ မနက်ဖန်ဆိုနှစ်ကူးတော့မယ် ။ ဒီတော့ ဒီနှစ်ထဲ ငါ ဘာတွေမကောင်းတာလုပ်မိသလဲဆိုပီးစဉ်းစားမိတော့တာပေါ့ ။ပီးတော့ငလျင်လှုပ်မှာကိုလဲလန့် နေရသေးတယ်။ အိပ်ပျော်သွားရင်တော့ တမျိုးပေါ့ဗျာ ။ ၂၀၀၈ ထဲမှာတော့မသေချင်သေးဘူးခင်ဗျ ။ မနက်ဖန်မှသေရင် ၂၀၀၉ထဲကိုရောက်မှာလေ ။ အခုခေတ်ကြော်ငြာတွေလိုပေါ့ဗျာ ။ ကွန်ပြူတာလက်ပ်တော့တလုံးကို မနေ့ ကအင်တာနက်မှာတွေ့ လိုက်ရတယ် ၊တရုပ်ငွေ၁၉၉၉ ယွင်တဲ့။ ကဲ -ဘယ်သူက ၂၀၀၀ယွင်ပါလို့ ပြောရဲမလဲ ။ ပြောရဲပြောကြည့်လေ ငြင်းရဲငြင်းကြည့်လေ။ ဒီတော့လူပြိန်းတွေ(တောသားတွေပေါ့ဗျာ- သူတို့ ကိုဦးတည်တာပါပဲ) က ၊ ဟာ -တထောင်ကျော်ကျော်ပဲပေါ့ ။ ဈေးကွက်စီးပွားရေးဆိုတာ ဒါပါဘဲဗျာ ။ ဒီနေ့ ကမ္ဘာမှာ ဘောဂဗေဒက နှစ်မျိုးပဲရှိပါတယ် ။ ပြည်သူတွေအတွက်စဉ်းစားရပ်တည်အာမခံပေးတဲ့ဆိုရှယ်လစ် ဘောဂဗေဒ( မာ့က်စ်ရဲ့ ဘောဂဗေဒကိုပြောတာပါ) နဲ့ အရင်းရှင်ဘောဂဗေဒပါပဲ ။ ဈေးကွက်စီးပွားရေးဆိုတာ မာ့က်စ်ပြောခဲ့ဘူးတဲ့ အပြည့်ပြိုင်ဆိုင်ရေး ( perfect competition) ပါပဲ ၊ အဲလိုပြိုင်ရင်းနဲ့ (လုပြိုင်ရတာကိုး)လဲတဲ့သူကလဲ ။ ကွဲတဲ့သူကကွဲ။ ပြဲတဲ့သူကပြဲပေါ့ ၊ ကျနော်က အဲဒီစီးပွားရေးတွေကိုစိတ်မ၀င်စားဘူးခင်ဗျ ။ အခုအဲဒီအရင်းရှင်စီးပွားရေးအကြောင်းတွေရေးနေတဲ့ မောင်စူးစမ်းဆိုတာကို လဲမဖတ်ဘူးခင်ဗျ၊သူရေးခဲ့တဲ့စာအုပ်တအုပ်ဟာကျနော်စီးပွားရေးတက္ကသိုလ်တက်နေတုံးကပြဋ္ဌါန်းစာအုပ်ပါ။ အဲဒီတုံးကလဲမဖတ်ခဲ့ဘူးဗျာ။ အခုတလောပြည်ပအသံလွင့်ဋ္ဌာနတွေကအင်တာဗျူးလုပ်နေတဲ့ ခင်မောင်ညို(ဘောဂဗေဒ၊ ငါန်းဇွန်သား)ဟာ ကျနော်နဲ့ တတန်းထဲ တခန်းထဲခင်ဗျ ၊ သူ့ ခမျာလဲ နအဖအကြိုက်ဘောဂဗေဒကိုပြောနေရရှာတာပါဗျာ ။ တခါတလေ လူထုထမင်းမငတ်နိုင်ဘူးပြောလိုက်၊ တခါတလေငတ်နိုင်တယ်ပြောလိုက်နဲ့ ။ ပြောရရင် ဈေးကွက်စီးပွားရေးစနစ်ဆိုတာ (အပြည့်ပြိုင်ဆိုင်မှုဆိုတာ) ဒါးမတိုတချောင်းသာရှိတဲ့လယ်သမားနဲ့ ထော်လာဂျီရှိတဲ့လယ်မင်းသားတယောက်ကိုပြိုင်ဆိုင်ခိုင်းတာသာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာစီမံအုပ်ချုပ်မှုနည်းပညာတို့  အလုပ်သမားတွေကိုဘယ်လိုရှေ့ ဆောင်ရမယ်တို့ ၊ ခေါင်းဆောင်မှုနည်းပညာတို့ လာမပြောနဲ့ ၊ကျနော်လူသတ်ချင်လာတယ်ခင်ဗျ ။ ဒါတွေကိုဒီနှစ်ထဲမှာကျနော် မပြောနိုင်မရေးနိုင်ဖြစ်ခဲ့တာဟာ ၊ ကျနော် မကောင်းတာလုပ်မိတာပဲလို့  ဘဲစဉ်းစားမိပါတယ်ဗျာ။ နောင်နှစ်မှာတော့ [ဘုရားသခင်ကမြင်းကို( ဂျို ) တတ်မပေးပေမဲ့၊ အိုင်တီနည်းပညာကကျနော့ကို (ဂျို)တတ်ပေးလိုက်လို့ ] ကျနော့ အတွေ့ အကြု့လေးတွေ၊ ကျနော့အမြင်လေးတွေ ၊ သမိုင်းလေးတွေကိုနောင်လာနောက်သားဘလော့ဂါလေးတွေသိရအောင်ရေးမလားလို့ စဉ်းစားမိပါတယ်။ ဟဲဟဲမစိုးရိမ်ကြပါနဲ့  ကျနော်က ဟိုအသံလွင့်ဇာတ်လမ်းထဲက ကောလိပ်ဂျင်နေ၀င်းလို မိုးပေါ်ထောင်ပစ်မှာပါ ၊ မြင်းလောင်းသမားနေ၀င်းလို တည့်တည့်မပစ်ပါဘူး၊ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ နိုင်ကြပါစေဗျာ ၊ ကျေးဇူးတင်ပါတယ် ။အောင်သွေး ၁၂း၀၀ နာရီ ၃၁ ရက်ဒီဇင်ဘာ (တင်းပလိတ်ထဲကနာရီနဲ့ တော့လွဲနေအုံးမှာပါ)
Posted by Aung Thway at 6:12 AM
0 comments:

No comments:

Post a Comment