Saturday, April 12, 2014
...သီချင်းများ ရုပ်ရှင်များနဲ့    ကျနော် 
 ကျနော်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်ပေမယ့် တဖက်ကလဲ အနုပညာခံစားမှုငယ်ငယ်ကတည်းကရှိနေတော့---အနုပညာနဲ့ ပတ်သက်တဲ့ကျနော့ ခံစားမှုတွေကို ရဲဘော်များနဲ့ ပြည်သူများနားလည်နိုင်ကြပါစေ ဗျာ--။
ငယ်ငယ်တုန်းရှစ်နှစ်သား(၁၉၆၀)လောက်ကအမျိုးသားအောင်ပွဲနေ့ တခုကိုမှတ်မိလို့ ပါ။ ကျနော်တို့ မြို့ ကကျဉ်းပတဲ့အမျိုးသားအောင်ပွဲနေ့ တနှစ်မှာမြို့ ကစီစဉ်တဲ့အခမ်းအနားတခုကိုချီတက်ခွင့်ရပါတယ်။ အတီးအမှုတ်အကအခုန် နဲ့ ချီတက်ကြဖို့ ပါ။ မိမိကြိုက်နှစ်သက်သလိုပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်၊၊ လူဝံအ၀တ်အစားဝတ်ပီးချီတက်ကခုန်ခွင့်ရှိသလို ။ ပန်ချာပီခေါင်းပေါင်းနဲ့ ပိတ်ဖြူခါးတောင်းကြိုက်ပီး ကုလားသီချင်းန့ဲလဲပြိုင်ခွင့်ရှိပါတယ်။ကျနော်တို့ ညီအကိုတွေကတော့ အိုးစည်ဝိုင်းပေါ့။ ကျနော့အောက်ကကောင်ကို မင်းသား(ရွှေအိုးစည်မင်းသားကိုပြောတာပါ)လိုဝတ်ပီးကျနော်ကဒိုးပတ်တီး(ဗြောင်-တောင် )လို့ တီးယုံပါပဲ။ (အင်း-အဲဒါလဲ ဗုံတီးဘူးတဲ့သူမှသိမှာ)။ အကိုတစ်ယောက်က ပုလွေမှုတ်။အကိုတစ်ယောက်ကရဂွင်းတီး၊နောက်တစ်ယောက်က၀ါးလက်ခုတ်တီး--နဲ့ မြို့ ကိုပတ်ပီးလှည့်လည် ကပြခဲ့ကြရပါတယ်။ ပြည်သူလူထုကကြွေးတဲ့ကောက်ညှင်းပေါင်းနဲ့  အကျော်ကိုလဲ ဒီနေ့ ထိ မမေ့ သေးပါဘူး။ အဲဒီနေ့ က ကျနော်တို့ ညီအကိုတွေ တမြို့ လုံးမှာတတိယဆု ရခဲ့တာကိုလဲသတိရနေပါသေးတယ်။
ဒီလိုနဲ့  ၁၉၇၀ ခုနှစ်တွေရောက်တော့ကျနော့ နားမှာသီချင်းသံစဉ်တွေကအင်တာနေရှင်နယ်ဟုတ်ရင်ဟုတ် မဟုတ်ရင် ကိုသန်းလှိုင်သီချင်းတွေပဲပေါ့။  ဒီလိုနဲ့ မိမိဆုံးဖြတ်ချက်ရှိရာဒေသကိုရောက်ခဲ့ရာမှာ အိမ်မှာ တော့ ပိုင်ရှင်မဲ့ ပြည်တွင်းဖြစ် တယောလေးတလက်နဲ့  ပိတောက်သားထွင်းအိုး-မယ်ဒလင်တလုံးကျန်ခဲ့ရှာပါတယ် ။ ကျနော်လွမ်းနေဆဲပါဗျာ။
ဒီလိုနဲ့ ကိစ္စများမြောင် ကွန်မြူနစ်တို့ ဘောင်၌် ပေါ့ဗျာ။
အဲတခါမှာတော့ ကျနော်မြေအောက်ဆင်းရပါတယ် ၁၉၈၀လောက်ပေါ့။ ---ဧရာဝတီမြစ်ပြင်ပေါ်က   မော်တော်တစီးပေါ်မှာ  ကျနော့ရှေ့ မော်တော်တဖက်ခြမ်းမှာထိုင်နေတဲ့ သူလေးက တက္ကသိုလ်ကကျောင်းပိတ်လို့ ပြန်လာသူလေး။ သူမ တပ်ဆင်ထားတဲ့မျက်မှန်က တခါတလေကြည်ကြည် လင်လင်ဖြူ ဖြူနေပီး ၊နေရောင်ဖက်ကိုမော်တော်လှည့်ရင် သူကလေးမျက်မှန်ကတခါတလေမဲမဲလာပါတယ်။ အောင်သွေးတောသားကအဲဒါကို ဘာကြောင့်မှန်းမသိပါ။ မျက်မှန်  ကိုစူးစမ်းရင်း -အဲ- သူကလေးကိုလဲစူးစမ်းနေမိပါတယ်- ခနနေတော့ မော်တော်ရဲ့ အသံချဲ့ စက်က ပန်း--နွယ်က- စိမ်း---လဲ  ဆိုရော  အောင်သွေးအသက်ရှူရပ်မတတ်ဖြစ်ဘူးပါတယ်။ ကျနော့အနုပညာခံစားမှုကအဲလိုပါ။
ဒီလို  ပါပဲ-ကျနော်၁၉၈၃မှာမြေအောက်တခါဆင်းတော့မိုးကုတ်က မန္တလေးအပြန်မနက်စောစောငါးနာရီ ဟိုင်းလတ်ကားမန္တလေး ကိုဆင်းမယ်လုပ်တော့- ကားစထွက်တာနဲ့ ကိုင်ဇာရဲ့သီးချင်းကိုအဲဒီကားကစဖွင့်ပါတယ်- မိုးကလေးညိုလာရင် -လွမ်းမျက်ရည်ဝဲတယ် --တဲ့။ အောင်သွေး--ကားရဲ့အမှောင်ထဲမှာ မနက်စောစောမျက်ရည်တွေရွှဲလို့ ။
ဒီလိုနဲ့ မြောက်ပိုင်း ဗဟိုဌာနခွဲမှာ ကျနော်တို့ ဗဟို -၄၅ -အလုပ်အဖွဲ့ ကဧည့်သည်အဖြစ်နေ-နေရာက မြေအောက်ကရဲဘော်တချို့ရောက်ရောက်လာနေကြပါတယ်။ မြေအောက်ကရဲဘော်တွေရောက်လာကြရင် ကျနော်တို့ က ပါတီမှာရှိတဲ့ရုပ်ရှင်ကားတွေကို ဖလင်နဲ့    ပြသနေကြပါ။ အဲနောက်ပိုင်းမှာတော့မြောက်ပိုင်းဗဟိုဌာနခွဲက ဗွီဒီယိုစက်တွေဝယ်ထားတော့ ဗွီဒီယိုနဲ့ ပြသကြတာပေါ့ ။ တရက်မှာတော့ မဗခမှာ  သင်္ကြန်မိုးရုပ်ရှင်ရောက်လာပီလို့ ကြားရပါတယ်။ အဲဒီနေ့ ကရောက်လာတဲ့မြေအောက်ကရဲဘော်တွေကိုပြမယ်လုပ်တော့သူတို့ ကသင်္ကြန်မိုးကိုမကြည့်ချင်ပဲကြည့်ပီးသားလဲဖြစ်နေတော့ပါတီကကားကိုပဲကြည့်ချင်ကြတာပါ။ဒီလိုနဲ့ ကျနော်ကသင်္ကြန်မိုးနဲ့ ကပ်လွဲခဲ့ ရပါတယ်။ဒါပေမယ့် သူတို့ ပြောစကားအရ မဆိုးဘူးလို့ တော့နားလည်ခဲ့တာပေါ့။
တရက်မတော့အဲဒီကားကိုကြည့်ခွင့်ကြုံခဲ့ပါတယ် စ ပြပြချင်း ကတည်းကကျနော့ရင်တွေခုန်လာခဲ့လို့တော်တော်ကြာကြာကျနော်ဆက်မကြည့် နိုင်ပဲ ပြန်လာခဲ့ရပါတယ်။ ဒီနောက်တော့ဘ၀တွေကပြေးရလွှားရ ၊ ပြောင်းရရွှေ့ ရဘ၀တွေပေါ့။ နောက်ပိုင်းမှာ အင်တာနက်ကကြည့် လို့ ရနိုင်တဲ့အခါမှာလည်း အင်တာနက်ကပြတ်တောက် ပြတ်တောက်၊ ထမင်းကလဲရှာစားရသေးတော့-တကားလုံးအစအဆုံး မကြည့်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်၂၀၁၄ ခုနှစ် ဒီနေ့ မှာမှ ကျနော် ဒီကားကိုအစအဆုံးကြည့်ဖြစ်ခဲ့ပါတယ်။   ဟူး--တော်ပါသေးရဲ့ လွန်ခဲ့တဲ့--၂၈ နှစ်ကျော်--၃၀ နီးပါးကသာ ကျနော်အစအဆုံးဆက်ကြည့် ဖြစ်လိုက်ရင်အခုထိတောင်အသက်ရှင်နေမှာလားမသိတော့ဘူး။ အခုတောင် ကြည့် လိုက်မျက်ရည်တွေကျလိုက်--နှလုံး ရောဂါဆေးတွေကိုသောက်လိုက်။   
အောင်သွေး
Sunday, February 2, 2014
ကျနော်ရေးချင်တာတွေကများနေလို့ ခွင့်လွှတ်ပီးစေါင့်မျှော်နေကြပါဗျာ။
စေါင့်မျှော်ဖတ်ရှုကြတဲ့မိတ်ဆွေရဲဘော်အားလုံးကိုကျေးဇူးတင်လေးစားလျှက်ပါ၊
Sunday, June 16, 2013
ရှစ်လေးလုံးအကြိုနှစ်များ
...armifjrefrm????????????...
ရှစ်လေးလုံးအကြိုနှစ်များ
...armifjrefrm????????????...
ရှစ်လေးလုံးအကြိုနှစ်များ
...armifjrefrm????????????...
Sunday, May 12, 2013
ငယ်စဉ်ကသီချင်းများနဲ့ ကျနော်(၁)
ကျနော်ငယ်ငယ်ကပထမဦးဆုံးစ - ကြားခဲ့ရတဲ့သီချင်းကတော့ အဖေဆိုနေကျ သီချင်းတွေပဲပေါ့ဗျာ။ သူကဂျပန်ခေတ်စစ်တက္ကသိုလ်တတိယပါတ်ကျောင်းဆင်းပါ။ ဒီတော့သူဆိုနေကျတဲ့သီချင်းတွေက ဂျပန်သီချင်းတွေကို ဘာသာပြန်ထားတဲ့သီချင်းတွေပဲပေါ့----အဲဒီသီချင်းတွေကိုအရင်နေ၀င်းမဆလခေတ်မှာလဲပြန်ဆိုတေးတွေလုပ်နေခဲ့တာပါပဲ---သူတို့ စစ်တပ်အတွက်သီချင်းရေးမယ့်သူကရှားတာကိုး---။
အဖေတို့ ခေတ်က သီချင်းက
---တူယှဉ်ကာပင် ---တကယ်ပဲအစွမ်းပြချင်တယ်----ဗမာ့သတ္တိ----- ကမ္ဘာကသိအောင်- ငါတို့ ပြရမယ်---ဒို့ ဗိုလ်ကဒါးကိုဆွဲလို့ ရှေ့ ကထွက်ပါတယ် အမြဲတမ်းနောက်ကလိုက်တဲ့ ငါတို့ စစ်သားရယ်----။
မိုး -- တွေကလဲ---မစဲပဲ----ရွာနေတယ်----အင်ဖက်များကို အမိုးလုပ်ကာ ငါတို့ အိပ်ရတယ်။သေပစေတို့ အသက်ကို ဖက်ရွက်မှတ်ပါတယ်- ဘယ်မှာ--ကြောက်စိတ်ရှိမလဲ ငါတို့ စစ်သားရယ်----။ ----တဲ့။
နောက်ပီးသူတို့ ရဲဘော်ဖြူသီချင်းကိုလဲသူကဆိုဆိုနေတတ်တယ်။ တပ်မတော်ကြီးကိုအင်အားရှိဖို့ ---အရာရာမှာကူညီ-- ရဲဘော်အပေါင်းတွေ---ခွန်အားရှိဖို့ ----------
တခါတလေတော့အဖေကဘယ်သူ့ ကိုလွမ်းနေမှန်းမသိဘူး-လွမ်းတတ်တယ်။
ငွေစပယ်ဖြူ--လေး----
ညရေးရေး ---အောက်ဝယ် --တေးသံပေးလို့ မောင်ရောက်ပေါ့ကွယ်---
ဘာတွေပဲဖြစ်ဖြစ်အဖေဆိုနေရင်ကျနော်ငြိမ်ပီးနားထောင်ခံစားနေတတ်ခဲ့ပါတယ်။ဒါဟာအဖေဖြတ်သန်းခဲ့-စွန့် လွှတ်ခဲ့ရတဲ့အချိန်တွေဘ၀တွေကို -သူပြန်လွမ်းနေတာလေ-----သူမှာလွမ်းခွင့်ရှိရမှာပေါ့။
တကယ်က အဖေဟာ အဆိုကောင်းတယောက်ပါ
ကျနော်တောင်သူ့ လောက်မဆိုနိုင်ပါဘူး။ ဒါတောင်ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အသံမှာကျနော်ကအဆိုတော်ဖြစ်ခဲ့သေးတယ်--ဟဲဟဲ။
Thursday, April 18, 2013
Thursday, April 11, 2013
Friday, April 5, 2013
ဒီနေ့ တော့လွန်ခဲ့တဲ့--၂
နှစ်လောက်ကရေးခဲ့တဲ့ ဘလော့ပေါ်မတင်ဖြစ်ခဲ့တဲ့စာကိုဖေါ်ပြလိုက်ပါတယ်။ အခုအချိန်မှာတော့စိမ်ခေါ်ဖို့ ဇီးကုန်းသားနောက်တယောကတောင်တိုးလာပြန်ပါပီ။ ဒုသမတကြီးဆိုသူဥာဏ်ထွန်းပါ။ အဲဒီအချိန်က သူတို့ နေခဲ့တဲ့ရွာတွေမှာလဲ စစ်တပ်ကအဲလို တရားမရှိဒါးမရှိသတ်ချင်သလိုသတ်ခဲ့ကြတာပါ ။ ဒါကိုအားကျပီးစစ်တပ်ထဲဝင်ခဲ့ကြသလားတော့မသိပါဘူး။ သူတို့ နှစ်ယောက်စလုံးက အောင်သွေးနဲ့ အတူတူတက္ကသိုလ်တက်ခဲ့ကြတာလေ၊ ကိုယ်ကစီးပွားရေးတက္ကသိုလ်။သူတို့ ကစစ်တက္ကသိုလ်။
by AungThway
on Friday, September 31, 2011 at 8:45am
Thursday, September 30, 2011
စစ်သုံးစစ်ဆန့် ကျင်နေသောမျိုးဆက်သစ်များသို့ လေးစားစွာဖြင့်-----(၁)
အင်း-သီတင်းကျွတ်ဖို့ ဆယ်ရက်ကျော်ကျော်ပဲ လိုတော့တယ်။ ဒီိနေ့ ဖတ်လိုက်ရတဲ့အင်တာနက်ကဆောင်းပါးတခုမှာ ပါတဲ့မှတ်ချက်တခုကလွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်ကသတင်းကျွတ်ကိုပြန်ပီးသတိရနေမိတော့တယ်။သူ့ ဆောင်းပါးကလွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်ကအကြောင်းကိုရေးနေရင်း မှတ်ချက်က--
( အမှန်က ရိုးမကို ဖြတ်လေးဖြတ်စစ်ဆင်ရာတွင် ဒေသခံတွေနှင့် သူပုန်တွေကို ဗီယက်နမ်ကို အမေရိကန်ဝင်သည့်ပုံစံ ရက်ရက်စက်စက်သတ်ဖြတ်ချေမှုန်းသည်ကို လူမသိအောင် ဖုံးနေတာသာဖြစ်သည်။) တဲ့---
မှန်လိုက်တာကွာ မင်းဘယ်လိုလေ့လာထားတာလဲ။ သူ့ ကိုလေ့လာစုံစမ်းလိုက်တော့ စာရေးသူက ကိုယ်တူလေးအရွယ်။
ဒီအကြောင်းတွေကို ပြောသူရေးသူနည်း နေလိုက်တာ ၊ ငါရေးရအုံးမယ့်တာဝန်ရှိပါလားလို့ စဉ်းစားမိရင်းဒီစာကိုရေးပါတယ်။
လွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်သီတင်းမကျွတ်ခင်ကအဖေ့အမျိုးတွေရှိတဲ့သစ်နဖါးရွာကိုရောက်ခဲ့ပါတယ်။ ပဲခူးတိုင်းအ နောက်ခြမ်းကပေါ့။တန်ဆောင်တိုင်လမှာရွာလယ်ကိုဖြတ်သွားတဲ့ချောင်းထဲမှာမီးပူဇော်ရတာကိုသဘောအကျဆုံးပါ။ ချောင်းကမ်းဘေးကရွံ့ တွေကိုခွာ ၊ ဖယောင်းတိုင်စိုက်လို့ ရအောင်ပုံစံခွက်လုပ်၊ ချောင်းဘေးကငှက်ပျောပင်တပင်ခုတ် ၊ အလယ်မှာနှစ်ပိုင်း သုံးပိုင်းလောက်ပိုင်း ၊အူတိုင်ကိုခွာ၊ အဲဒီငှက်ပျောဖတ်တွေပေါ်မှာဖယောင်းတိုင်ထွန်းထားတဲ့ရွှံ့ တုံးကိုတင်ပီးလပြည့်ည လသာသာမှာချောင်းရေထဲမျှောရတာသိပ်ပီးအရသာရှိတာ ။အသက်ဆယ့်သုံး-ဆယ့်လေးဆိုတာစားဖို့ နဲ့  ဆော့ဖို့ ပဲလေ ။ဟိုတုန်းကဘုရားပွဲတွေကဘယ်သူ့ ကိုမှပါမစ်တောင်းစရာမလိုပါဘူး။ဆူဆူညံညံအသံကြားလို့ပုလိပ်လာရင်လဲနဲနဲပါးပါးတိုက်လိုက်ရင်ပီးပီ။အရက်မသောက် တတ်တဲ့ပုလိပ်ဆိုတာမရှိဘူး။အဲဒီနှစ်ကညနေမှောင်ရီသန်းတာနဲ့ သွားနေကျလုပ်နေကျအတိုင်းရွာထိပ်ကဘုရားမှာမီးပူဇော်၊ဘုန်းကြီးကျောင်းတန်ဆောင်းထဲမှာမီးပူဇော်ပီး နေ့ လည်ကပြင်ဆင်ထားတဲ့ငှက်ပျောအူဖတ်၊ ရွှံ့ ခြောက်တုံး ဖယောင်းတိုင်၊ယမ်းမီးချစ်တွေကိုပိုက်ပီးချောင်းထဲကိုသွားမယ်အလုပ်၊လူကြီးတွေပြောဆိုအော်ဟစ် နေကြတာကြားရပါတယ် “စစ်သားတွေရွာထဲဝင်လာနေတယ် ခလေးတွေခေါ်ပီးကိုယ်အိမ်ကိုယ်ပြန်နေကြတဲ့” ။
ကျနော့ရဲ့ တနှစ်တခါအိမ်မက်လေးပျောက်ဆုံးသွားပါပီ။ကျနော်တို့ 
တည်းခိုနေတဲ့အဖေ့ရဲ့ အမ ကြီးကြီးအိမ်ရောက်တော့အိမ်အောက်ထပ်မှာစစ်သားလေးငါးယောက်တွေ့ ရပါတယ်။ကျနော်တို့ ရွာထဲကိုတပ်စု တစ်စု တခြားရွာတွေကိုတပ်စုတစ်စုစီနဲ့ တပ်ရင်း တစ်ရင်းဆင်းလာတာပါ။အိမ်အောက်ထပ်မှာဗိုလ်ကြီးဗိုလ်ကြီးဆိုတဲ့ခေါ်သံတွေလဲမှတ်မိနေတယ် ။ အမ(တ၀မ်းကွဲ)ကမောင်လေးငါနဲ့ အတူအိပ်ဆိုပီးဆွဲကပ်ထားပါတယ်ကျနော်တို့ အားလုံးကအပေါ်ထပ်မှာအိပ်ကြပါတယ်။ဘဘရယ်ကြီးကြီးရယ်အမရယ်အကိုရယ်ပေါ့။ အောက်ထပ်ကသူတို့ တညလုံးမအိပ်ကြသလို ကျနော်လဲတညလုံးအိပ်မပျော်နိုင်ပါဘူး။ ဒါကြောင့်လဲအကုန်လုံးမှတ်မိနေတာပါ ။ ညသန်းခေါင်မတိုင်ခင် အောက်ထပ်ကအဖွဲ့ အသံတိတ်သွားပါတယ်။မနက်လင်းအားကြီးမှာအားလုံးပြန်လာကြပါတယ်၊ ပီးတော့ကျယ်ကျယ်လောင်လောင်နဲ့ အိမ်အောက်ကမီးဖိုဘေးမှာအောင်သေအောင်သားတွေစားသောက်နေကြတယ်။ ဘာတွေစားမှန်းတော့မသိပါဘူး ၊ မနက်မိုးလင်းတော့အဲဒီကောင်တွေ ရွာထဲမှာတယောက်မှမရှိကြတော့ဘူး၊ ကြီးကြီးကဘယ်ကရတဲ့ သတင်းလဲမသိ မနက်စောစောထမင်းကြမ်းစားရင်းပြောနေတယ်။ ရွာထိပ်(ရွာအ၀င်ဘုန်းကြီးကျောင်းမရောက်ခင်) မှာ၊ ရွာထဲကကျောရိုးသုံးယောက်ကိုဓါးနဲ့ ထိုးသတ်ပီး မြေကျင်းတကျင်းထဲအတူတူမြုပ်ထားလို့ မြေကြီးအကုန်မဖုံးနိုင်ပဲဒူးခေါင်းတွေပေါ်နေတယ်လို့ ပြောပါတယ်။ မနက်ဝေလီဝေလင်းမှာသူတို့ စားသောက်နေတာက ကျောရိုးတွေရဲ့ အသဲနှလုံးတွေတဲ့။ ကျနော်မယုံနိုင်ပါဘူး။ဒါနဲ့ ကျနော်ရွာထိပ်ကိုအပြေးအလွားသွားကြည့်ပါတယ်၊ အကိုတော့ပါတာပေါ့။ ကျနော့်မျက်စိမှာမြေကြီးပေါ်ကပုဆိုးတပိုင်းဒူးခေါင်းတွေကို အခုအချိန်ထိ မြင်ယောင်နေဆဲပါ။
နောက်ပိုင်း ကြီးလာမှသိရတာကအဲဒီတကျောမှာ ကျောရိုးဆိုပီး၊ တရားစွဲမစစ်ဆေးပဲရက်ရက်စက်စက်သတ်သွားတာ
ရာချီပီးရှိတယ်ဆိုတာသိရပါတယ်။ ပဲခူးရိုးမက လူမသိသူမသိ တောင်ပေါ်ကရင်အမျိုးသားတွေကိုတော့မပြောနဲ့ တော့ ။ သူတို့ ခမျှာမြေပြန့် ဆင်းပီးဆားနဲ့ ငရုပ်သီးခြောက်ဆင်းဝယ်မှလူ့ ဘ၀ပြည့်စုံရှာတာ။ စစ်အစိုးရ (ဒီကောင်တွေရဲ့ ငယ်နာမည်ကိုဒီလိုခေါ်ခဲ့တာဗကပ ကကြာလှပီ-မဆလခေတ်ကမတွင်ခဲ့ဘူး။ ရှစ်လေးလုံးပီးမှသာနာမည်တွင်သွားတာ၊ ဟော-အခုတော့ဒီလိုမခေါ်ချင်ကြပြန်ဘူး-ညယ်)ရက်စက်ကြမ်း ကြုတ်တာ တော့ကမ်းကုန်ပါတယ်။ တောင်ပေါ်က ကရင်တိုင်းရင်းသားတွေကိုမြေပြန့် ကိုပေးမဆင်းပါဘူး။ တောင်ပေါ်တိုင်းရင်းသားတွေကိုလုပ်တဲ့ ဖြတ်လေးဖြတ်ဆိုတာဆန် ၊ ဆီ၊ ဆား၊ ငရုတ်သီးတဲ့ ဗျာ။ ဒီမိုကရေစီရရင် အသက်ရှင်နေသေးတဲ့တိုင်းမှူးလုပ်ခဲ့သူတွေကိုအင်တာဗျူးစေချင်ပါတယ်။ တောင်ပေါ်သားတွေမှာတော့စာရင်းအင်းလဲမရှိရှာပါဘူး။ မျိုးတော့ပြုတ်သွားသလောက်ပဲ။ စစ်ဆင်ရေးပီးမှလူနဲသွားတဲ့ကရင်ရွာတွေကိုစုပေါင်းထားတဲ့ ( အဲဒီတုံးကသူတို့ ဝါဒဖြန့် နေတဲ့ တောင်ပေါ်၁၄-ရွာဆိုတာအရင်ကတစ်ရွာနှစ်ရွာစာလောက်ပဲကျန်တော့တာပါ) အင်အယ်လ်ဒီက အလယ်ပိုင်းတိုင်းမှူးလုပ်ခဲ့ဘူးတဲ့ကိုမေးကြည့်ကြပါ။သူအသိဆုံးပါ။
အခုအစိုးရအပြောင်းအလဲဖြစ်နေပီလို့ ပြောနေတဲ့ဂျာနယ်လစ်တွေထဲကအဲဒီဒေသသားဂျာနယ်လစ်ကြီးကိုခေါင်းဆောင်တင်ပီး လွန်ခဲ့တဲ့စစ်အစိုးရနဲ့  မဆလအစိုးရရဲ့ တရားမရှိဒါးမရှိလုပ်ရပ်ကိုဖေါ်ထုတ်ဖွင့်ချရဲပါသလား ။ကျနော်ကတော့စိန်ခေါ်ရဲတယ် ဇီးကုန်းသားပဲခူးတိုင်းဝန်ကြီးဆိုသူကို ဟေ့ကောင်မင်းနဲ့ ငါနဲ့ ငါတို့ ရွာထိပ်ကိုသွားပီးမြေမြုပ်ထားတဲ့ကျင်းကို
ဖေါ်ရဲသလားလို့ ပါ ။ စိတ်ကူးယဉ်မနေကြပါနဲ့ 
အစိုးရသစ်နောက်ကွယ်မှာ စစ်သုံးစစ်ဆိုတာရှိနေပါတယ်၊ဆရာကြီးဒဂုန်တာရာကတောင်အခုရန်သူမရှိမပြောတော့ဘူး
ကန့် ကွက်စရာရှိရင်လေးလေးနက်နက်ကန့် ကွက်နေပီ။စိတ်ကူးယဉ်မနေကြပါနဲ့ တခြားလူမျိုးစုတွေလက်နက်ကိုင်တိုက်ပွဲဝင်သလို
ကျနော်တို့ တွေလဲလက်နက်ကိုင်ကြရပါမယ်
လက်နက်ကိုင်ထားတဲ့အမျိုးသားတွေကိုတောင်စစ်အုပ်စုကတည်တည်တန့် တန့် စကားမပြောချင်တာ
လက်နက်ကိုင်မထားတဲ့ကျနော်တို့ ကိုစစ်အုပ်စုကဂရုမစိုက်ပါ
လက်နက်ကိုင်တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်ကြ------
စစ်သုံးစစ်ကို တိုက်ဖျက်ကြ
Thursday, April 4, 2013
အမှတ်တရ
ဒီနေ့  အောင်သွေးရဲ့ထင်မြင်ချက်တွေပြောပြချင်ပါတယ်ဗျာ----
ဒီတလောဖြစ်နေတဲ့ လူမျိုးရေးအဓိကရုဏ်းတွေဟာ၊ စစ်အစိုးရက၊ ကောက်ကျစ်စဉ်းလဲတဲ့အကြံနဲ့ လူမျိုးရေးတိုက်ပွဲမဖြစ်-ဖြစ်အောင်လုပ်နေမှန်းသိသာလှပါတယ်ဗျာ။ လူထုကအဲလိုဖြစ်နေလေမှ-ရှစ်လေးလုံးအရေးတော်ပုံတုန်းကလို တိုင်းပြည်မငြိမ်မသက်(လူကောင်းတွေကိုသတ်ဖို့ ခင်ညွန့် အုပ်စုကထောင်ကျနေတဲ့ရာဇ၀တ်သားတွေကိုစိတ်ကြွဆေးတိုက်ပီးခေါင်းဖြတ်သတ်ခိုင်းခဲ့)ဖြစ်လို့ ဆိုပီးစစ်အာဏာပြန်သိမ်းချင်လို့ အစပျိုးနေတာပါ။ အခု အလုပ်သမား လယ်သမားတွေရဲ့ပြဿနာတွေ ၊လူမျိုးရေးအဓိကရုဏ်းတွေစဖြစ်ခဲ့တဲ့ဖြစ်ရပ်ကိုအသေးစိတ်လေ့လာကြည့်ရင်၊ ဆင်းရဲတဲ့ပြည်သူတွေကိုံချမ်းသာတဲ့လူတန်စား(တရုပ်-ကုလား-ဗမာ)တွေက စစ်အာဏာရှင်စံနစ်ဒေါက်တိုင်(စစ်တိုင်းမှူးတွေ-ဒေသဆိုင်ရာအာဏာပိုင်တွေကအစ-ရဲတွေနဲ့  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေအဆုံး)တွေနဲ့ ပေါင်း-ပင်းထားပီး-နောက်ခံအားကိုးအားထားနဲ့ အနိုင်ကျင့်စော်ကားခဲ့တာပါ။ အောင်သွေးအမြင်အရဗမာပြည်မှာလူတန်းစားတိုက်ပွဲကိုမုချဆင်နွှဲရအုန်းမှာပါ ၊ အဲ-လူမျိုးရေးတိုက်ပွဲ တော့မဟုတ်ဘူး ခင်ဗျ။ ဆင်းရဲတဲ့ပြည်သူတွေကို ညစ်ပတ်၊အနိုင်ကျင့်၊စော်ကားတဲ့ဘယ်လူမျိုးကိုမဆိုကျနော်တို့ ပြည်သူတွေဟာလွန်ခဲ့တဲ့နှစ်ခြောက်ဆယ်ကျော်ကနယ်ချဲ့ ကိုတွန်းလှန်ခဲ့တဲ့ စိတ်ဓါတ်အတိုင်း တိုက်ပွဲဆင်ရအုံးမှာပါ။ ဒါပေမယ့် အဓိက ကအဲဒီလိုချမ်းသာတဲ့လူုတန်းစားကို အကာအကွယ်ပေးထောက်ခံနေတာကစစ်အုပ်စု ဆိုတာကိုမေ့လို့ မရပါဘူး။ဒီနေ့  လယ်သမားတွေရဲ့မြေတွေယာတွေကိုသိမ်းနေတဲ့သူတွေဟာ၊ စစ်တပ်ကပြောင်သိမ်းသလို၊ သူတို့ ကိုခါးပိုက်ဆောင်ထဲထည့်ထားတဲ့ခရိုနီဆိုတဲ့ကောင်တွေက သိမ်းနေတာပါ။ ဗမာပြည်သူပြည်သားတွေဟာစစ်အာဏာရှင်တွေရဲ့ လှည့်ကွက်ကိုမျက်ချည်မပြတ်စေါင့်ကြည့်ဖို့ လိုပါတယ်။ အဓိက တိုက်ပွဲက စစ်အုပ်စု(ကာလုံအုပ်စု)-စစ်အစိုးရ(စစ်တပိုင်းအစိုးရ)နဲ့ စစ်ဗျူရိုကရက်ယန္တရား(ဦးပိုင်အစရှိသောယန္တယား) ကိုဖြိုဖျက်တိုက်ဖျက်ပစ်ကြမှသာ-လူမျိုးပေါင်းစုံ -တန်းတူ-သွေးစည်း-လွတ်လပ်-စည်ပင်သာယာဝပြောသော ၊ အိမ်နီးချင်းနိုင်ငံများကပါလေးစားသောနိုင်ငံတော်ကြီးဖြစ်မှာသေချာပါတယ်ဗျာ။